ချင်းအမျိုးသားတပ်ဉီး ဆက်ဆံရေးရုံးများ
ချင်းအမျိုးသားတပ်ဉီးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ထာဝရတည်တံ့သည့် ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်နိုင်ရေးအလို့ငှာ ချင်းအမျိုးသားတပ်ဉီးနှင့် ချင်းပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ တို့သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့၌ ပဏာမသဘောတူညီချက် (၉) ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်ပါ အကြောင်းအရာများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ် ထန်တလန်မြို့တွင် ဆက်ဆံရေးဖွင့်လှစ်ရန်နှင့် ချင်းအမျိုးသားတပ်ဉီးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီ၏ ပထမအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက် (၃) အရ ချင်းပြည်နယ် ထန်တလန်၊ တီးတိန်နှင့် မတူပီ စသည့်မြို့များတွင်လည်း ဆက်ဆံရေးရုံးများကို အမြန်ဆုံးဖွင့်လှစ်ရန် သဘောတူထားသည်နှင့် အညီ ချင်းအမျိုးသားတပ်ဉီး၏ ဆက်ဆံရေးရုံးများကို အောက်ပါအတိုင်း ဖွင့်လှစ်နိုင်ခဲ့သည်။
(၁) ထန်တလန်ဆက်ဆံရေးရုံး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်
(၂) မတူပီဆက်ဆံရေးရုံး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်
(၃) တီးတိန်ဆက်ဆံရေးရုံး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်
ထို့အပြင် ချင်းအမျိုးသားတပ်ဉီး၏ စီးပွားရေးရုံးများကိုလည်း အစိုးရနှင့် သဘောတူညီချက်အရ တီယို (အိန္ဒိယ-မြန်မာနယ်စပ်၊ ဖလမ်းမြို့၊ မင်းတပ်၊ ပလက်ဝနှင့် ရန်ကုန်မြို့များတွင် ဖွင့်လှစ်ထားပါသည်။
ဆက်ဆံရေးရုံးများ၏ တာဝန်ခံမှုအဆင့်ဆင့်
Matupi Liaison Office
Opening Date – 23 june 2012
Liaison Officer – Pu Thang Yen
- Pu Thang Yen တာဝန်ခံ
- Pu Mang Lai ဒုတာဝန်ခံ
- Pu Naing Thang ဒေသတာဝန်ခံ
- Pu Aung Ling Thang ဒေသတာဝန်ခံ (မင်းတပ်)
- Naing Htin Sai ရုံးအုပ်
- U San Aung ဆက်သွယ်ရေးတာဝန်ခံ
- Ko Zin Htwe စာရင်းကိုင်
- Telar Rai Sai ရုံးအကူ

Thantlang Liaison Office

Opening Date – 29 june 2012
Liaison Officer – Pu HC. Ral Hnin
Thantlang Liaison Office Staffs
- Pu HC. Ral Hnin တာဝန်ခံ
- Pu Bil Cung ဒုတိယတာဝန်ခံ
- Pu Phun Tleng ဒေသတာဝန်ခံ (ထန်တလန်)
- Pu Bawi Sum ဒေသတာဝန်ခံ (ဖလမ်း)
- Pu Daniel Van Bawi Thang ရုံးအုပ်
- Mai Fam Bawi Bawr ဘဏ္ဌာန်ထိန်း
- Mai Ni Ni Hlaing ငွေစာရင်းကိုင်
- Pu Ram Peng ရုံးအကူ
Tedim Liaison Office

Opening Date – 25 Sept. 2012
Liaison Officer – Pu Ngo Khan Nang
Tedim Liaison Office Staffs
- Ngo Khan Nang တာဝန်ခံ
- Thang Khen Kap ဒုတိယတာဝန်ခံ
- Langh Hau Lian ဒေသတာဝန်ခံ (Tonzang)
- Neng Thawn Kham ဒေသတာဝန်ခံ (Tedim)
- Langh Za Mang ငွေစာရင်းကိုင်
- Thang Khan Piang ဘဏ္ဌာထိန်း
- Kham Sian Muang သတင်းနှင့်ပြန်ကြားရေး
- Rita Pau Cing ရုံးအုပ်
- Nial Za Cing ရုံးအကူ

