Close Menu
    Facebook X (Twitter) Instagram
    Wednesday, June 3
    X (Twitter) Facebook LinkedIn Pinterest RSS
    CNF Headquarters
    Leaderboard Ad
    • Home
    • Activities & News
    • Resource
      • Statement
      • Peace Process
    • Gallery
    • Publication
    • About Us
      • Background
      • Structure
    • Contact Us
    • English
    CNF Headquarters
    You are at:Home»Activities & News»ချင်းအမျိုးသားတပ်ဦး လက်ထောက်အတွင်းရေးမှူး-၁ Salai Ram Kulh Cung မှ Chinland Club အဖွဲ့ဝင်များထံ ပေးပို့သော အမှာစာ

    ချင်းအမျိုးသားတပ်ဦး လက်ထောက်အတွင်းရေးမှူး-၁ Salai Ram Kulh Cung မှ Chinland Club အဖွဲ့ဝင်များထံ ပေးပို့သော အမှာစာ

    0
    By chinland on January 30, 2021 Activities & News

    အင်အား တည်ဆောက်ကြသည်

    ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ် ပါတီညီလာခံက လူအင်အား၊ ဓနအင်အား တည်ဆောက်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ၎င်းအပေါ် ဗဟိုကော်မတီအစည်းအဝေး၊ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအသီး သီးက အသေးစိတ် လုပ်ငန်းစဉ်များ ချမှတ်ခဲ့သော်လည်း COVID- 19 ကြောင့် လုပ်ငန်းအခက်အခဲနှင့် ရင်ဆိုင် ကြရသည်။ သို့သော် အကြပ်အတည်းများကြားမှ မိမိတို့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုလုပ်ငန်းများအနက် အောက်ပါအတိုင်း အနည်းငယ် ဖော်ပြသွားမည်။

    ပါတီကေဒါသင်တန်း

    သတ္တမအကြိမ် ပါတီညီလာခံက ဆုံးဖြတ်သည့် အင်အားတည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်နိုင် ရန်အတွက် ပါတီဝင်များအတွင်း ဦးစွာ အမြစ်တွယ်အနောကြေရန် ပထမဦးဆုံး လိုအပ်ချက်ဟု သတ်မှတ်လျက် ပါတီကေဒါသင်တန်းကို ၂၀၂၀ စက်တင်ဘာလ ၁ ရက်မှ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ချင်းအမျိုးသားတပ်ဦး ဒေသကော်မတီ (ပြည်တွင်း) နှင့် ဒေသအသီးသီးမှ ပါတီဝင်များဖြင့် ပို့ချခဲ့ခြင်းဖြစ်သည်။ ဟားခါး၊ ထန်တလန်၊ ပလက်ဝ၊ မတူပီ၊ မင်းတပ် စသည့် ဒေသအသီးသီးမှ ပါတီဝင် (၃၀) ဦး တက်ရောက်နိုင်ခဲ့ပြီး ချင်းပြည်နယ်တွင်း မြို့နယ်အသီးသီးနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေးမြို့ စသည့်မြို့များရှိ ချင်းလူမျိုး များနေထိုင်သည့် နေရာများတွင် ပါတီဖွဲ့စည်းမှုများ စနစ်တကျ တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိ သည်။ ပြည်တွင်းတွင် ဒေသကော်မတီ (၁၇) ခု ဖွဲ့စည်းထားပြီးဖြစ်သော်လည်း လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ကျေးလက်ဒေသအထိ တည်ဆောက်နိုင်ရေး ကြိုးပမ်းသွားရန် လိုအပ်နေသေးသည်။

    ချင်းအမျိုးသားတပ်မတော် ပြန်လည်တည်ဆောက်ခြင်း

    သတ္တမအကြိမ် ပါတီညီလာခံ ဆုံးဖြတ်ချက်အရ ချင်းအမျိုးသားတပ်မတော် ပိုမို စနစ်ကျလာရေးနှင့် ချင်းလဲန်ကို ကာကွယ်ပေးနိုင်သည့် အင်အားတည်ဆောက်ရန် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရာထူး တာဝန်ပေးအပ်မှုများကို ပြုလုပ်ခဲ့သည်။ ၎င်းအရ ချင်းအမျိုးသားတပ်မတော်ကို စစ်ရုံးချုပ်နှင့် တပ်မဟာ (၄) ခု ဖြင့် ဖွဲ့စည်းခဲ့သည်။ တပ်အင်အား တည်ဆောက်ရေးလုပ်ငန်း ပိုမိုအကောင်အထည်ဖော်နိုင်ရေးအတွက် တပ်မတော်ထိပ်ပိုင်းအရာရှိဟောင်းများနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအချို့ဖြင့် စစ်ရေးရာကောင်စီ ကို ဖွဲ့စည်းခဲ့သည်။  ချင်းအမျိုးသားတပ်မတော်အား အသစ်သော စဉ်းစားတွေး‌ခေါ်မှု၊ တာဝန်နေရာချထားခြင်းနှင့် တာဝန်ကြီးကြပ်မှုများကို စစ်ရေးရာကောင်စီက စစ်ရုံးချုပ်တွင်သော်လည်းကောင်း၊ တပ်မဟာဌာနချုပ်များတွင် သော်လည်းကောင်း သင်ကြားပို့ချမှု၊ ဆွေးနွေးမှုနှင့် ကြီးကြပ်မှုများ ပြုလုပ်ပေးခဲ့သည်။ ထိုသို့ တပ်မဟာများမှ အဆင့်ဆင့်သော သင်ကြားမှု၊ ကြီးကြပ်မှုများကို ပြုလုပ်ခဲ့ကြသည်။ မိမိ ကွပ်ကဲမှုနယ်မြေအတွင်းရှိ ရပ်ရွာအကြီး အကဲများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်။ COVID-19 ကြောင့် တချို့သောအစီအမံများ အကောင်အထည် မဖော်နိုင်ခဲ့သော်လည်း မိမိတို့ လက်လှမ်းမီသလောက် အကောင်အထည်ဖော်လျက်ရှိသည်။

    ပြည်ပ ဒေသကော်မတီများ RC/CC အစည်းအဝေး

    COVID-19 ကပ်ရောဂါကြောင့် Zoom online meetig ဖြင့် ပြည်ပ RC/CC များနှင့် အစည်းအဝေး သုံးကြိမ် ပြုလုပ် နိုင်ခဲ့ပြီး USRC, Norway RC, Denmark RC, New Zealand RC, Australia RC, Malaysia RC ..စသဖြင့် နိုင်ငံ အလိုက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။ COVID ကာလအတွင်းမှာလည်း ပြည်ပဒေသကော်မတီများ၏ လှုပ် ရှားမှုကြောင့် လိုလေသေးမရှိ လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ကြသည်။ ထို့အပြင် UCCF, ဆောက်လုပ်ရေးနှင့် အခြား သော လိုအပ်ချက်များအတွက် ကြိုးစားဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။ COVID ကာလအပြီးတွင် ဤ ထက်ပို၍ ကြိုးစားရန်လည်း လိုအပ်ပါသည်။

    ပြည်သူ့ဆက်ဆံရေး : UCCF/Peace Fund နှင့် အခြား

    ပြည်သူ့ဆက်ဆံရေးဌာန၏ ဦးဆောင်မှုဖြင့် ဟားခါး နှင့် ထန်တလန်တွင် ကြီးမားသော လှုပ်ရှားမှုကို ဆောင်ရွက် နိုင်ခဲ့ကြသည်။ ဘာသာရေးအသင်း၊ လူငယ်နှင့် ရပ်ရွာတိုင်းတွင် တိုးတက်မှုတွေ့ရှရပြီး UCCF, Peace Fund နှင့် အခြားကိစ္စများအတွက် ပါဝင်သည်။ လူငယ်အသင်းကိုလည်း ရပ်ကွက်တိုင်းတွင် ဖွဲ့စည်းနိုင်ခဲ့ပြီး လူငယ်များ၏ လှုပ်ရှားမှုကြောင့် ဆန်၊ ဆီ၊ ပဲ များစွာ ရရှိခဲ့သည်။

    ပြည်သူဆက်ဆံရး : အလုပ်ရုံဆွေးနွေးပွဲ

    ချင်းအမျိုးသားအင်အား စုစည်းနိုင်ရေးအတွက် ဒေသအသီးသီးမှ ပါစတာများနှင့် လူငယ်များကို ဖိတ်ခေါ်လျက် ဝိတိုရိယ ဗဟိုဌာနချုပ်တွင် သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် (၁) ဒုတိယ ဥက္ကဋ္ဌ- ၂ Dr. Lian Hmung Sakhong မှ ‘ချင်းအမျိုးသားတည်ဆောက်ရေး’၊ (၂) ဒုတိယဥက္ကဋ္ဌ- ၃ Dr. Sui Khar မှ  ‘ချင်းအမျိုးသားလုံခြုံရေး’၊ (၃) လက်ထောက်အထွေထွေအတွင်းရေးမှူး- ၁ Salai Ram Kulh Cung က ‘တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအကြောင်း’ (၄) လက်ထောက်အထွေထွေအတွင်းရေးမှူး- ၂ Salai Htet Ni မှ ‘ချင်းအမျိုးသားတပ်ဦးနှင့် ချင်းလက်နက်ကိုင်တော်လှန်ရေး၊ (၅) လက်ထောက် ထွေထွေအတွင်းရေးမှူး- ၃ Pu HC. Ral Hnin မှ ‘ချင်းအမျိုးသားတပ်ဦးအကြောင်း’ နှင့် Col. Solomon မှ ‘အမျိုးသားစည်းလုံးရေး’ စသည့် ဘာသာရပ်များကို ပို့ချခဲ့ကြသည်။

    တက်ရောက်မှုစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    စဉ် ပြုလုပ်ကြိမ် ရက်စွဲ ဒေသ ရွာ ပါစတာ/လူငယ် က မ ပေါင်း
    1. First 20-22/09/2020 Hakha Hakha Mino 14 47 61
    2. Second 06-08/10/2020 Hakha Hakha Mino 24 58 82
    3. Thirth 16-18/10/2020 Thantlang Thantlang Mino 15 53 68
    4. Fourth 20/10/2020 Thantlang Tluangrua   11 34 45
    5. Fifth 11-13/11/2020 Hakha Bu 17 Pastor 5 29 34
    6. Sixth 16-18/11/2020 Falam Falam Mino 6 12 18
    7. Seventh 19-20/11/2020 Thantlang Thau Mino 7 38 45
    8. Eighth 21-24/11/2020 Senthang Khua 16 Mino 18 20 38
    9. Ninth 26-29/11/2020 Zophei Khua 9 Mino 17 25 42
    10. Tenth 04-06/12/2020 Thantlang Bu Pastor     0 
    11. Eleven 10-12/12/2020 Zotung, Mara Lautu          0
    12. Twelve             0
                    433

     

    Chin Reserve

    CR သည် ချင်းပြည်နယ်တွင်းရှိ မြို့နယ်အားလုံးနှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးနေထိုင်သည့် ဒေသများမှ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် လူငယ်များအား ဖွင့်လှစ်ပို့ချခြင်းဖြစ်ကာ အမျိုးသားတော်လှန်ရေး တွင် လိုအပ်သလို ပံ့ပိုးကူညီကြသူများဖြစ်သည်။ ယခုနှစ်တွင်မူ COVID ကြောင့် ယခုနှစ်များကဲ့သို့ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် မတူပီမြို့နယ်ရှိ တက္ကသိုလ်ကျောင်း သားနှင့် လူငယ်များဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

    ငြိမ်းချမ်းရေးလုပ်ငန်း

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ နှစ်နှစ်အတွင်း မကျင်းပနိုင်ခဲ့သည့်နောက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ယခုကဲ့သို့ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဖက်ဒရယ်မူနှင့် ပတ်သက်၍ သဘောတူညီချက်အချို့ ရရှိခဲ့ပြီး ၂၀၂၀ အလွန် ဆက် လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြပါသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများ ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ NCA လက်မှတ်ထိုး တည်းသာမဟုတ်ဘဲ NCA လက်မှတ်မထိုးသေးသည့် KIO, KNPP စသည့် အဖွဲ့များနှင့်လည်း ဆွေးနွေးမှုများ ရှိခဲ့ သည်။ JICM ၌ဖြစ်စေ၊ UPDJC ၌ဖြစ်စေ၊ JMC-U တွင်ဖြစ်စေ၊ EAO အတွင်းဖြစ်စေ ချင်းအမျိုးသားတပ်ဦးက ဦးစီး ဦးဆောင်မှုယူနေသည့်အချိန်ဖြစ်သဖြင့် အစဉ် သတိထားရန် လိုအပ်သည်။

    အကြံပြုခြင်း

    ချင်းလဲန်သည် လုံခြုံရေးအရ ခြိမ်းခြောက်ခြင်းခံနေရသဖြင့် ဒေသနှင့် မျိုးနွယ်စုအဆင့်ကို ကျော်လွန်ကာ ချင်း တစ်မျိုးတည်းဖြစ်သည်ဟူသည့် အနေအထားမှ ဆက်လက်ကြိုးစားပေးကြဖို့ လိုပါသည်။ ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီက ချမှတ်ထားသည့် လုပ်ငန်းစဉ်များအပေါ် အားပေးကူညီကြပါ။ ချင်းလဲန် ကလပ်၊ UCCF နှင့် အခြားသော လုပ်ငန်းများအတွက် ဆထက်တန်ပိုး ကြိုးပမ်းပေးကြပါ။ လုပ်ငန်းဆောင်ရွက်မှု အသီးသီးအပေါ် အထူး ကျေးဇူးတင်ရှိပါသည်။

    ထာဝရဘုရားသခင်က အယောက်တိုင်းအပေါ် ကျန်းမာခြင်း၊ အားသန်ခြင်း ပေးသနားတော်မူပြီး လုပ်ငန်းဆောင် ရွက်မှုတိုင်းမှာ မစကာ၊ ချင်းလဲန်နှင့် ချင်းလူမျိုးများအားလုံးအပေါ် ကောင်းကြီး ပေးသနားတော်မူပါစေ။

    ချင်းလဲန်နှင့် ချင်းလူမျိုးအတွက် –

    Ram Kulh Cung

    လက်ထောက်အထွေထွေအတွင်းရေးမှူး- ၁

    ချင်းအမျိုးသားတပ်ဦး

    (+၉၅) ၀၉၄၀၁၆၀၁၅၂၄၊ (+၆၆) ၀၉၈၇၉၄၂၁၃၇

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Email

    Related Posts

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union – SCEF” ကနဦးဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်

    ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ- ၃ Dr. Sui Khar ပြောကြားသော မိန့်ခွန်း

    ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ- ၂ Dr. Lian Hmung Sakhong ပြောကြားသော မိန့်ခွန်း

    Leave A Reply Cancel Reply

    Donate
    Donate Now
    • Popular
    • Recent
    • Top Reviews
    January 1, 2021

    ချင်းအမျိုးသားတပ်ဦးအကြောင်း

    June 3, 2026

    ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌမှ ပြောကြားသော အမှန်စကား

    January 21, 2021

    Chin National Bulletin 2015 March

    January 30, 2021

    ချင်းအမျိုးသားတပ်ဦး နာယကမှ Chinland Club အဖွဲ့ဝင်များထံ ပေးပို့သော အမှာစာ

    June 3, 2026

    ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌမှ ပြောကြားသော အမှန်စကား

    June 3, 2026

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union – SCEF” ကနဦးဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်

    February 10, 2021

    Album1

    January 1, 2021

    ချင်းအမျိုးသားတပ်ဦးအကြောင်း

    Gallery
    33rd-Hakha 33rd-CRD-CV-2 33rd-CRD-Hakha-2 33rd-CRD-Hakha-6 33rd-CRD-Hakha-5 33rd-CRD-Hakha-4
    Speech/Interview
    https://youtu.be/ortl4z5jj8E
    Sidebar Ad
    Latest Reviews
    January 1, 2021

    ချင်းအမျိုးသားတပ်ဦးအကြောင်း

    Facebook Feeds
    Loading...
    Donate
    Media Contact

    CNFSpokesperson

    Salai Htet Ni

    Phone Number :
    +91 6909 751 721
    +95 9401 147 974

    Email: thetni@gmail.com/cnfinfo88@gmail.com

    Popular Posts
    January 1, 2021

    ချင်းအမျိုးသားတပ်ဦးအကြောင်း

    June 3, 2026

    ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌမှ ပြောကြားသော အမှန်စကား

    January 21, 2021

    Chin National Bulletin 2015 March

    Stay Connected
    • YouTube
    • Facebook
    • Instagram
    • Twitter
    Copyright © 2021 CNF. by ExLSoft.
    • About
    • Privacy
    • Contact

    Type above and press Enter to search. Press Esc to cancel.