Author: exlsoft
Download PDF : Click Here
ချင်းအမျိုးသားတပ်ဉီးအကြောင်း နိဒါန်း ချင်းလူမျိုးတို့သည် မွန်ဂိုလွိုက်အနွယ်ဝင်များဖြစ်ကြပြီး တရုတ်ပြည်အလယ်ပိုင်းမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ တရုတ် ပြည်အလယ်ပိုင်းမှ တောင်ပိုင်းသို့ တဖြည်းဖြည်းဆင်းလာကြပြီး အေဒီ (၉) ရာစု မတိုင်မှီအချိန်တွင် ချင်းတွင်းနှင့် ဧရာဝတီမြစ်ဆုံဒေသ သို့ ရောက်ရှိအခြေချနေထိုင်လာခဲ့ကြသည်။ အေဒီ (၁ဝဝဝ) ပတ်ဝန်းကျင်ခန့်တွင် ချင်းလဲန်သို့ စတင်ဝင်ရောက်အခြေချ နေထိုင်လာ ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ ရှေးပဝေသဏီကတည်းက မည်သည့် တိုင်းတပါးလက်အောက်တွင်မျှ မကျရောက်ခဲ့ပဲ မိမိတို့ မျိုးနွယ်စု အလိုက် အကြီးအကဲအုပ်ချုပ်မှုစနစ်ဖြင့် လွတ်လွတ်လပ်လပ် အုပ်ချုပ်ခဲ့ကြသည်။ ချင်းလူမျိုးတို့သည် တိဗက်တို-ဘားမား (Tibeto-Burman) စကားပြော အုပ်စုများဖြစ်ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စာပေရှိခဲ့ကြသည့်အပြင် နေထိုင်ရန် ရေမြေ၊ နယ်နိမိတ် အထင်အရှားရှိခဲ့ကြသည့် သီးခြားလွတ်လပ်သော အမျိုးသားလူမျိုးများ ဖြစ်ကြသည်။ (၁၉) ရာစုအတွင်း ဗြိတိသျှတို့က ကျုးကျော် တိုက်ခိုက်ရာမှ ၁၈၉၆ ခုနှစ်တွင် ချင်းလဲန်တခုလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်သည်ဟု တရားဝင် ကြေညာခဲ့သော်လည်း အချို့ ချင်းလဲန်နယ်မြေကို ဝင်ရောက်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ ၂ဝ ရာစု အစောပိုင်းကာလရောက်မှသာ ချင်းလဲန်တခုလုံး ဗြိတိသျှ လက်အောက်သို့ ကျရောက်သွားခဲ့သည်။ ဗြိတိသျှသည် ချင်းလဲန်အား ဗြိတိသျှ – အိန္ဒိယ (British-India) ၏ အစိတ်အပိုင်းအဖြစ် အုပ်ချုပ်ခဲ့ရာ ၁၉၃၇ ခုနှစ်တွင် ဘားမား အက်ဥပဒေ (Burma Act) အရ ဗမာပြည်အား ဗြိတိသျှ – အိန္ဒိယမှ ခွဲထုတ်လိုက်သောအခါ ချင်းလဲန်သည် ချင်းအမျိုးသားများ၏ ဆန္ဒ မပါဘဲ နှစ်ပိုင်းသို့…
