Author: chinland

ဝိတိုရိယ ဗဟိုဌာနချုပ်၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက် ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ- ၃ Dr. Sui Khar မှ ပြောကြားသော မိန့်ခွန်း နိဒါန်း ယနေ့ ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ်၊ ဝိတိုရိယစခန်းမှာ ကျင်းပပြုလုပ်တဲ့ ၇၃ နှစ်မြောက် ချင်းအမျိုးသား နေ့အခမ်းအနားကို တက်ရောက်ချီမြှင့်နိုင်ကြတဲ့ ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူး-၂၊ ချင်းအမျိုးသားတပ်မတော် စစ်ဦးစီးချုပ်နဲ့တကွ အရာရှိ၊ အရာခံ၊ အကြပ်၊ ရဲဘော်ရဲမေများ၊ ဘာသာရေးခေါင်း ဆောင်များ၊ CR များ၊ ပြည်တွင်းပြည်ပမှ တက်ရောက်လာကြတဲ့ ရပ်မိရပ်ဖများအားလုံးရှေ့မှာ အခုလို မိန့်ခွန်း ပြောကြားခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပနိုင်အောင် လှူဒါန်းပေးကြတဲ့ Rual u များအပေါ်မှာသော်လည်း ကောင်း၊ CACC, CHRO အပေါ်မှာသော်လည်းကောင်း၊ အကပဒေသာဖြင့် ဖျော်ဖြေသူများ၊ သီချင်းနဲ့ ဂီတအားဖြင့် ဖျော်ဖြေပေးတဲ့ Music Band အပေါ်မှာသော်လည်းကောင်း အလွန်ပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါ တယ်။ ဒီလို အဖက်ဖက်မှ ပံ့ပိုးကူညီမှုများကြောင့်သာ ဒီနေ့ ဒီနေရာမှာ ချင်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနိုင်ခြင်း ဖြစ်ပါတယ်။ နောက်ခံသမိုင်း ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာရတဲ့ အဓိကအချက် (၃) ချက် ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပထမအချက်ကတော့ ချင်းဆိုတဲ့ အမျိုးသားလက္ခဏာအောက်မှာ ချင်းအမျိုးသားတရပ်လုံး ပထမဆုံးအကြိမ် ဆုံဆည်းခြင်းဖြစ်ပြီး ချင်းလူမျိုးအားလုံး…

Read More

၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ- ၂ Dr. Lian Hmung Sakhong ပြောကြားသော မိန့်ခွန်း Admin, 20-2-2021 လေးစားအပ်ပါသော ချင်းပြည်သူအပေါင်းနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုအပေါင်းတို့ ခင်ဗျား- ဒီနေ့ဟာ ၇၃ နှစ်မြောက် “ချင်းအမျိုးသားနေ့” ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့ကို Chin Community မှ ချင်းလူထုကြီးနဲ့ ပါဝင်ဆင်နွှဲပြီး မိန့်ခွန်းပြောကြားဖို့ဖြစ်ပေမဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် အခုလို online ကနေ ပြော ကြားရခြင်း ဖြစ်ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ချင်းအမျိုးသားများက ကျင့်သုံးရမယ့် နိုင်ငံရေးစနစ် အဖြစ် ရွေးချယ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ဖလမ်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းအမျိုးသား ညီလာခံကြီးမှာ ချင်းပြည်နယ် အနယ်နယ်အရပ်ရပ်အသီးသီးမှ တက်ရောက်လာကြတဲ့ လူထုခေါင်းဆောင်များ၊ လူထုကိုယ်စားလှယ် ကြီးများက ကျွန်တော်တို့ ချင်းလူမျိုးများ ရိုးရာဓလေ့ထုံး တမ်းစဉ်လာအရ ကျင့်သုံးအုပ်ချုပ်လာခဲ့တဲ့ Ram-uk အုပ်ချုပ်ရေးစနစ်ခေါ် မြေရှင်ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ပစ်ပယ်ပြီး ဒီမိုကရေစီစနစ်ကို မိမိတို့လူမျိုး ကျင့်သုံးမယ့် နိုင်ငံရေးစနစ်အဖြစ် ရွေးချယ် ခဲ့ကြပါတယ်။ ဒီလို ဒီမို ကရေစီစနစ်ကို ရွေးချယ်ခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို အခုလို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းလူမျိုးများဟာ နယ်ချဲ့ဗြိတိသျှလက်အောက်သို့ မကျရောက်ခင် သီးခြားလွတ်လပ်တဲ့ လူမျိုး…

Read More