Author: chinland

ချင်းအမျိုးသားတပ်ဉီး အထွေထွေအတွင်းရေးမှူး Salai Thla Hei ၏ နှစ်သစ်သဝဏ်လွှာ ချင်းလဲန်းကလပ်အဖွဲ့ဝင်များနဲ့ ချင်းပြည်သူအယောက်စီတိုင်းအပေါ် နှစ်သစ်မင်္ဂလာ ကျရောက်ပါစေကြောင်း ချင်းအမျိုးသားတပ်ဉီး၊ တပ်မတော်ကိုယ်စား နှုတ်ခွန်းဆက်သအပ်ပါတယ်။ နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်၊ အတွေးသစ်အမြင်သစ်၊ ခွန်အားသစ်တို့ဖြင့် အမျိုးသားတည်ဆောက်ရေး၊ အမျိုးသားကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ကျော်လွန်ခဲ့ပြီးသော ၂၀၂၀ ပြည့်နှစ်ဟာ အမည်းစွန်းသော နှစ်တစ်နှစ်အဖြစ် သမိုင်းမှာ ကျန်ရစ်တော့မှာ ဖြစ်ပါ တယ်။ COVID- 19 ကပ်ရောဂါကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ၊ လူနေမှု၊ အသက်မွေးဝမ်းကျောင်း အခက်အခဲ တွေ၊ စီးပွားရေးအခက်အခဲစတဲ့ ဒုက္ခပေါင်းများစွာဟာ လူပုဂ္ဂိုလ်အများအပြားနဲ့ နိုင်ငံပေါင်းများစွာအတွက် စိုးရိမ် စရာပဲ ဖြစ်ပါတယ်။ အမျိုးသားတော်လှန်ရေးအနေအထားနဲ့ သုံးသပ်ကြည့်မယ်ဆိုရင်လည်း ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့ ဒုက္ခပေါင်းများစွာကြားမှာ တစ်မျိုးသားလုံးကို ကွယ်ကာစောင့်ရှောက်ပြီး နှစ်သစ်အထိ ပို့ဆောင်ခဲ့သည်သာမက အမျိုးသားတော်လှန်ရေးမှာလည်း အခက်အခဲ၊ စိန်ခေါ်မှုများစွာကြားက လမ်းပြပို့ဆောင်ပေးတဲ့ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ချင်းလဲန်းကလပ်ဝင်ကြေးအားဖြင့် သော်လည်းကောင်း၊ UCCF မစ်ရှင်အတွက် သော်လည်း ကောင်း၊ ပုဂ္ဂိုလ်တစ်ဉီးတစ်ယောက်က သော်လည်းကောင်း၊ မိသားစုဖြင့် သော်လည်းကောင်း ပေးကမ်းလှူဒါန်း  သည့် ငွေကြေး၊ အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းများ၊ အလှူဓါနများ၊ ဆုတောင်းပေးမှုများ၊ ဌာနချုပ်နှင့် မိမိတို့ စခန်းများတိုင် လာရောက်အားပေးမှုများ အစရှိသဖြင့် ဘက်ပေါင်းစုံမှ အားပေးမှုများနှင့် အားပေးသူ အားလုံးအပေါ် ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြီး ပြောကြားအပ်ပါတယ်။ ချင်းအမျိုသားတပ်ဉီးအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း သတ္တမအကြိမ် ပါတီညီလာခံကို အောင်မြင်စွာ…

Read More

အင်အား တည်ဆောက်ကြသည် ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ် ပါတီညီလာခံက လူအင်အား၊ ဓနအင်အား တည်ဆောက်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ၎င်းအပေါ် ဗဟိုကော်မတီအစည်းအဝေး၊ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအသီး သီးက အသေးစိတ် လုပ်ငန်းစဉ်များ ချမှတ်ခဲ့သော်လည်း COVID- 19 ကြောင့် လုပ်ငန်းအခက်အခဲနှင့် ရင်ဆိုင် ကြရသည်။ သို့သော် အကြပ်အတည်းများကြားမှ မိမိတို့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုလုပ်ငန်းများအနက် အောက်ပါအတိုင်း အနည်းငယ် ဖော်ပြသွားမည်။ ပါတီကေဒါသင်တန်း သတ္တမအကြိမ် ပါတီညီလာခံက ဆုံးဖြတ်သည့် အင်အားတည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်နိုင် ရန်အတွက် ပါတီဝင်များအတွင်း ဦးစွာ အမြစ်တွယ်အနောကြေရန် ပထမဦးဆုံး လိုအပ်ချက်ဟု သတ်မှတ်လျက် ပါတီကေဒါသင်တန်းကို ၂၀၂၀ စက်တင်ဘာလ ၁ ရက်မှ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ချင်းအမျိုးသားတပ်ဦး ဒေသကော်မတီ (ပြည်တွင်း) နှင့် ဒေသအသီးသီးမှ ပါတီဝင်များဖြင့် ပို့ချခဲ့ခြင်းဖြစ်သည်။ ဟားခါး၊ ထန်တလန်၊ ပလက်ဝ၊ မတူပီ၊ မင်းတပ် စသည့် ဒေသအသီးသီးမှ ပါတီဝင် (၃၀) ဦး တက်ရောက်နိုင်ခဲ့ပြီး ချင်းပြည်နယ်တွင်း မြို့နယ်အသီးသီးနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေးမြို့ စသည့်မြို့များရှိ ချင်းလူမျိုး များနေထိုင်သည့် နေရာများတွင် ပါတီဖွဲ့စည်းမှုများ စနစ်တကျ တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိ သည်။ ပြည်တွင်းတွင် ဒေသကော်မတီ (၁၇) ခု ဖွဲ့စည်းထားပြီးဖြစ်သော်လည်း လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ကျေးလက်ဒေသအထိ တည်ဆောက်နိုင်ရေး ကြိုးပမ်းသွားရန် လိုအပ်နေသေးသည်။ ချင်းအမျိုးသားတပ်မတော် ပြန်လည်တည်ဆောက်ခြင်း သတ္တမအကြိမ်…

Read More

ချင်းအမျိုးသားတပ်ဦးနှင့် အမျိုးသားနိုင်ငံရေး “နိုင်ငံရေး” ဟု ဆိုရာတွင် အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးဟူ၍ (၂)မျိုးခွဲခြားနိုင်ပါသည်။ ပါတီနိုင်ငံရေးသည် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ပါတီဖွဲ့စည်းထူထောင်ကာ ရွေးကောက်ပွဲဝင်၍ပြည်ထောင်စု/ပြည်နယ်အာဏာကို ရယူပြီး ပြည်ထောင်စု/ ပြည်နယ်ကို အုပ်ချုပ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံရေးသည် ပြည်ထောင်စု/ပြည်နယ်အာဏာကို ရယူရန်မဟုတ်ဘဲ အမျိုးသားအကျိုးစီးပွားအတွက် အထူးသဖြင့် အမျိုးသားပိုင်နက် နယ်မြေကို မိမိတို့ကိုယ်တိုင် ကိုယ်ပိုင်ပြဌါန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရှိပြီး ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် လှုပ်ရှားမှုဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး (CNF) သည် ချင်းအမျိုးသားများ၊ ချင်းပြည်သူ များနှင့် ချင်းလဲန်းအတွက် ကိုယ်ပိုင်ပြဌါန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသား တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် အမျိုးသားနိုငိငံရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ချင်းအမျိုးသားတို့၏ အမျိုးသား ရည်မှန်းချက်ဖြစ်သည့် ချင်းအမျိုးသားတို့၏ဆုံးရှုံးလျက်ရှိသော ကိုယ်ပိုင်ပြဌါန်းခွင့် (Self-determination)ပြန်လည်ရှိပြီး ဒီမိုကရေစီ စနစ် ကျင့်သုံးလျက်အမျိုးသားတန်းတူညီမျှမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ချင်းအမျိုးသားတပ်ဦး၏ တော်လှန်စစ်သည် ပြီးမြောက်အောင်မြင်သည်ဟု ခံယူထားပေသည်။ ယင်းသို့သော အခြေအနေ မရောက်မချင်း ချင်းအမျိုးသား တပ်ဦးသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုတွင်အင်တိုက် အားတိုက်ပါဝင် လုပ်ဆောင်နေမည်ဖြစ်သည်။ ၁၉၆၂ ခုနှစ်မှစ၍ စစ်အစိုးရ အဆက်ဆက်သည် တိုင်းပြည်ကို အသွင်အမျိုးမျိုးဖြင့်အုပ်ချုပ်ခဲ့သည်။ စစ်တပ်အာဏာတည်မြဲရေး အတွက် ၁၉၉၃ ခုနှစ်မှ စတင်ကာ အမျိုးသားညီလာခံကို (၁၄) နှစ်ကြာ ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်တိုင်းကျရေး ဆွဲခဲ့သည်။ ယင်းအမျိုးသားညီလာခံတွင် ညီလာခံကို ကာကွယ်သည့် ဥပဒေ ၅/၉၆ ထုတ်ပြန်၍ ပြည်သူလူထု ပါဝင်မှုအား ကန့်သတ် ထားခြင်း၊ “အနာဂတ်နိုင်ငံတော်၏…

Read More

ချင်းအမျိုးသားအလံတော် မလဲစေရ ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲလျက် အမျိုးသားအလံတော်ကို မြဲမြဲဆုပ်ကိုင်ရင်း မိမိတို့ပန်းတိုင်အရောက် ချီတက်လျက်ရှိသည်။ မိမိတို့ စီးသည့်လှေ သေးသော်ငြားလည်း သာယာဝပြောသော ချင်းလဲန်ကို ရောက်ရှိနိုင်ရန်အတွက် မိမိတို့လှေသည် မိမိ တို့၏ အမျိုးသားအလံတော်နှင့်အတူ ပင်လယ်ပြင်ကြီးထဲ၌ စီးမြောလျက်။ မုန်တိုင်းများ မည်မျှထန်၍ လှိုင်းများ မည်မျှပင် ကြမ်းနေပါစေ၊ မိမိတို့ စီးနေသည့် တော်လှန်ရေးလှေလေး မတိမ်းမှောက်ရေးသည် အဓိကဖြစ်သည်။ မပျက်စီးလျှင် ဖြည်းဖြည်းချင်း တွန်းပို့ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဧကန်မလွဲ ရောက်ရှိမည်ဖြစ်သည်။ အတားအဆီး စိန်ခေါ်မှု အမျိုးမျိုးကြောင့် ပန်းတိုင်ကို မည်သည့်အချိန်ရောက်ရှိနိုင်မည်မှာ မသေချာသော်လည်း စိတ်ဆန္ဒအမှန်ရှိပါက မလွဲမသွေ ရောက်ရမည်သာ ဖြစ်သည်။ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ (၁၉) ရက်မှ (၂၁) ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့ကြပါသည်။ ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင်များသည် လည်း စားပွဲပေါ်တိုက်ပွဲအတွက် ကာယ၊ ဉာဏ္ဏစွမ်းအားရှိသမျှ ပါဝင်ခဲ့ကြပါသည်။ မိမိတို့ ခေါင်းဆောင်များသည် တိုင်းရင်းသားအဆင့်သော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်တွင် သော်လည်းကောင်း ခေသူများ မဟုတ်ကြပါ၊ ရှေ့တန်းမှာ ရှိနေကြသည်ဟုဆိုလျှင် မှားမည်မထင်ပေ။ မိမိတို့ စိတ်တိုင်းကျ ရလဒ်မထွက်သေးဟု ဆိုရမည်ဖြစ် သော်လည်း တိုးတက်မှုရှိသည်မှာ သေချာပါသည်။ ချင်းလူမျိုးအားလုံးက ကူညီပံ့ပိုးသွားရန် လိုအပ်သကဲ့သို့ ၎င်းတို့၏ ကိုယ်စိတ်နှလုံး မောပန်းမှုကို ချောသိမ့်ရန်လည်း လိုအပ်ပါသည်။ ဤမျှမကသေးပါ။ ၂၁ ရာစုပင်လုံအစည်းအဝေးပြီးပြီးချင်း ဝိတိုရိယ…

Read More