Author: chinland

ခိုနူမ်းသုန်သတင်း၊ ၃ ဖေဖော်ဝါရီလ ၂၀၂၁ By Benezer – မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ ဒီလိုစစ်အာဏာသိမ်းမှုကြောင့် မြန်မာ့နိုင်ငံရေးအခြေအနေ၊ အနာဂတ်ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေ ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်ပါသလဲ။ ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ တပ်မတော်ကနေပြီးတော့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကို သိချင်ပါတယ်။ ဖြေ။ ။ လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားအစိုးရ၊ တပ်မတော်အကြား NCA လမ်းကြောင်းအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရင်း ဖော်ဆောင်နေတဲ့ အချိန်မှာ စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကို ကန့်ကွက်ပါတယ်။ မေး။ ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပြီးတော့ ရွေးကောက်ပွဲကိုလည်း ပြန်ကျင်းပပေးမယ်လို့ ပြောတဲ့အပေါ်မှာရော ယုံကြည်မှုရှိလား သူတို့ တကယ်လုပ်ပေးပါ့မလား။ ဖြေ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ကြေညာချက် (၁/၂၀၂၁) အပိုဒ် (၆) ကို ကြည့်လိုက်ရင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေ ဆောင်ရွက်ပြီးစီးဖို့ အချိန်ကာလ (Time frame) သတ်သတ်မှတ်မှတ် ဖော်ပြမထားတာကို တွေ့ရတယ်။ ဒီတော့ ဒီကိစ္စက ယုံကြည်ဖို့ ခပ်ခက်ခက်ပါပဲ။ မေး။ ။ တပ်မတော်အနေနဲ့ အခုလို…

Read More

ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ ချင်းအမျိုးသားများသည် ရှေးပဝေသဏီမှစ၍ မိမိတို့ပိုင်နက်နယ်မြေအတွင်း လွတ်လပ်အေးချမ်းစွာ နေထိုင်ခဲ့ ကြသည့် ကမ္ဘာ့အမျိုးသား လူမျိုးတစ်မျိုးပင် ဖြစ်ပါသည်။ ၁၈၇၁ ခုနှစ်မှစ၍ နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းပြည် (Chinland) ကို သုံးကြိမ်တိုင်တိုင် ကျူးကျော်စစ်ဆင်နွှဲ ပြီး ၁၈၈၉ ခုနှစ်တွင် ချင်းပြည်ကို သိမ်းပိုက်နိုင်ခဲ့သည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည် ချင်းပြည်ကို သိမ်းပိုက်နိုင်ခဲ့ပြီးသည်နှင့် တပြိုင်နက် ချင်းပြည်သူများကို နည်းမျိုးစုံ ဖြင့် ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်။ ချင်းအမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် အခန်းကဏ္ဍ အသီးသီးတွင် နယ်ချဲ့တို့၏ ဝါဒနှင့်အညီ ခေါင်းပုံဖြတ် ဖိနှိပ်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်နိုင်ခဲ့ကြသော်လည်း ချင်းအမျိုးသားခေါင်းဆောင်တို့၏ မလျော့သော ဇွဲ၊ လုံ့လ၊ ဝိရိယနှင့် များပြားလှစွာသော အသက်၊ သွေး၊ ချွေးများစတေးပြီး မားမားမတ်မတ် ရပ်တည်နိုင်ခဲ့မှု ကြောင့် လူ့သဘောသဘာဝ နိယာမ၏ လွတ်လပ်ခြင်းသည် ချင်းအမျိုးသားများနှင့်အတူ အမြဲတည်နေပါ သည်။ ထိုခေတ် ထိုအခါက ချင်းမျိုးချစ်ခေါင်းဆောင်တို့၏ အမျိုးသားရေးစိတ်ဓါတ်နိုးကြားမှုဖြင့် ဗြိတိသျှကို လိုနီးဝါဒကို ဘာသာရေးအရသော်လည်းကောင်း၊ တော်လှန်ပုန်ကန် အန်တုနိုင်ခဲ့ကြသည်။ သို့နှင့် လွတ်လပ်ရေးအကြိုကာလသို့ ရောက်ရှိလာသောအခါ ဗြိတိသျှအစိုးရ၏ တောင်းဆိုချက်အရ သီးခြား လွတ်လပ်စွာရပ်တည်သော ပြည်ထောင် (နိုင်ငံ) များမှ ကိုယ်စားလှယ်များသည် ရှမ်းပြည် ပင်လုံမြို့တွင် သဘောတူစာချုပ်တရပ် ချုပ်ဆိုခဲ့ကြသည်။ ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးကို အတူတကွ လျင်မြန်စွာ ရရှိ နိုင်ရေးအတွက် ထိုစာချုပ်ကို ချုပ်ဆိုရာတွင် ပြည်ထောင်အသီးသီးမှ ကိုယ်စားလှယ်များသည် မိမိတို့ အမျိုး…

Read More

ချင်းအမျိုးသားတပ်ဦးမှ ကြီးမှူး၍ ချင်းလူငယ် ငြိမ်းချမ်းရေးသင်တန်းကို ၂၀၂၀ နိုဝင်ဘာလမှစတင်၍ ဗဟိုဌာနချုပ်တွင် ချင်းပြည်နယ် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားလူငယ်များဖြင့် အသုတ်လိုက် ကျင်းပပြုလုပ်လျက်ရှိသည်။ ဤသင်တန်းတွင် အဓိကအားဖြင့် လက်ရှိမြန်မာ့နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြောင်းလဲနေသော မြန်မာနှင့် ကမ္ဘာ့နိုင်ငံရေးများကို ဒုတိယဥက္ကဋ္ဌ Dr. Lian Hmung Sakhong, Dr. Sui Khar နှင့် အထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးများ၊ တာဝန်ရှိသူများက ဆွေးနွေး ပို့ချခဲ့ပါသည်။ ချင်းအမျိုးသားတပ်ဦးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး၍ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ထဲထဲဝင်ဝင် ပါလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပြီး အလွှာပေါင်းစုံမှ ချင်းလူမျိုးများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

Read More

ချင်းအမျိုးသားတပ်ဉီး ဆက်ဆံရေးရုံးများ ချင်းအမျိုးသားတပ်ဉီးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ထာဝရတည်တံ့သည့် ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်နိုင်ရေးအလို့ငှာ ချင်းအမျိုးသားတပ်ဉီးနှင့် ချင်းပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ တို့သည်  ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့၌ ပဏာမသဘောတူညီချက် (၉) ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်ပါ အကြောင်းအရာများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ် ထန်တလန်မြို့တွင် ဆက်ဆံရေးဖွင့်လှစ်ရန်နှင့် ချင်းအမျိုးသားတပ်ဉီးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီ၏ ပထမအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက် (၃) အရ ချင်းပြည်နယ် ထန်တလန်၊ တီးတိန်နှင့် မတူပီ စသည့်မြို့များတွင်လည်း ဆက်ဆံရေးရုံးများကို အမြန်ဆုံးဖွင့်လှစ်ရန် သဘောတူထားသည်နှင့် အညီ ချင်းအမျိုးသားတပ်ဉီး၏ ဆက်ဆံရေးရုံးများကို အောက်ပါအတိုင်း ဖွင့်လှစ်နိုင်ခဲ့သည်။ (၁) ထန်တလန်ဆက်ဆံရေးရုံး      ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၉ ရက် (၂) မတူပီဆက်ဆံရေးရုံး              ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက် (၃) တီးတိန်ဆက်ဆံရေးရုံး           ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက် ထို့အပြင် ချင်းအမျိုးသားတပ်ဉီး၏ စီးပွားရေးရုံးများကိုလည်း အစိုးရနှင့် သဘောတူညီချက်အရ တီယို (အိန္ဒိယ-မြန်မာနယ်စပ်၊ ဖလမ်းမြို့၊ မင်းတပ်၊ ပလက်ဝနှင့် ရန်ကုန်မြို့များတွင် ဖွင့်လှစ်ထားပါသည်။ ဆက်ဆံရေးရုံးများ၏ တာဝန်ခံမှုအဆင့်ဆင့် Matupi Liaison Office Opening Date   –          23 june 2012 Liaison Officer  –         …

Read More

ချင်းအမျိုးသားတပ်မတော် စစ်ဦးစီးချုပ်မှ ချင်းပြည်သူများထံ ပေးပို့သော ၂၀၂၁ နှစ်သစ်သဝဏ်လွှာ မြတ်နိုးချစ်ခင်ရပါသော ချင်းအမျိုးသားပြည်သူ အယောက်စီတိုင်းအပေါ် ၂၀၂၀ ခရစ္စမတ်၏ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းများ သက်ရောက်ပါစေကြောင်းနှင့် ၂၀၂၁ ၏ နှစ်သစ်မင်္ဂလာအဖြာဖြာ အပြည့်အဝ ခံစားစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ Covid-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ခံစားချက်ရှိသော ချင်းပြည်သူပြည်သားများ၊ ကပ်ရောဂါဆိုးကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်နေရသော မိဘပြည်သူများနှင့် ထပ်တူ ဝမ်းနည်းပြီး နှမြောတသမိပါကြောင်းနှင့် စစ်မက်ပဋိပက္ခကြောင့် မိမိနေရပ်ကို စွန့်ခွာတိမ်းရှောင်လျက် ကျီးလန့်ဆန်စား လူမှုအတိဒုက္ခရောက်နေသော မိဘပြည်သူများအားလုံး စစ်ဘေးနှင့် ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ချင်းပြည်သူတရပ်လုံးထံမှ ပေါက်ဖွားလာသော မိမိတို့ ချင်းအမျိုးသားတပ်မတော် (CNA) သည် ချင်းအမျိုး သားတရပ်လုံး၏ ရပ်တည်ပေးမှုဖြင့် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်လမ်းညွှန်မှုကို ခံယူချက် ချင်း အမျိုးသားနိုင်ငံရေးအိမ်မက်များ လက်တွေ့ အကောင်အထည်ဖော်ရန်အလို့ငှာ မိမိအသက်ကို မဓါနမထားဘဲ ပေးဆပ်နေခဲ့ရသလို လာမည့် ၂၀၂၁ နှစ်သစ်တွင်လည်း နည်းလမ်းပေါင်းစုံဖြင့် အထက်မှပေးအပ်သော ကျရာ တာဝန်များကို အသစ်တဖန် အမျိုးသားရေးအားသစ်လောင်းပြီး ကျေပွန်စွာ ထမ်းဆောင်ဖို့ရန် သံန္နိဌာန်ချ ထားပါသည်။ ချင်းအမျိုးသားများ၏ အမျိုးသားရေးဆန္ဒဖြစ်သော အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး အကြားချုပ်ဆိုသော သဘောတူစာချုပ်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်နှင့် ပြည် ထောင်စုသဘောတူစာချုပ်အသီးသီးကို လက်မှတ်များ ရေးထိုးခဲ့ပါသည်။ အဆိုပါ စာချုပ်များ အကောင် အထည်ဖော်ဖို့ရန် ချင်းပြည်သူတရပ်လုံး တက်တက်ကြွကြွ ပါဝင်ကြရန်…

Read More